ပညာဒါန အင်္ဂလိပ်စာသင်တန်းများ (Batch 1) အတွက် သင်တန်းသား လျှောက်လွှာ ခေါ် ယူခြင်း

အခြေအနေအရပ်ရပ်ကြောင့် ပညာရေးရပ်တန့်ထားရသော တက္ကသိုလ် ကျောင်းသူကျောင်းသားများ၊ အထက်တန်းဖြေဆိုပြီး ကျောင်းသူကျောင်းသားများ၊ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ရပ်နား‌ထားရသော နိုင်ငံ့ဝန်ထမ်းကောင်းများ နှင့် နယ်ပယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများ အတွက် ကျွန်တော် ကျွန်မ တို့ Stars Do Shine Foundation မှ သီးသန့် အင်္ဂလိပ်စာသင်တန်းများကို online မှတဆင့် အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်ကြားပေးမယ့် ပုံစံမှာ Zoom Platform ကိုအသုံးပြုပြီး Face-to-face learning ကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ သင်ကြားပေးသွားပါမည်။ Level အနေဖြင့် Beginner, Elementary, Pre-intermediate, Intermediate, Upper-intermediate နှင့် Advanced ဟူ၍ Level (6) ခု ရှိပါသည်။ Level တစ်ခုသည် ၁၃ ပတ်ကြာမြင့်ပြီး တစ်ပတ်လျှင် စာသင်ချိန် ၇ နာရီခွဲ ဖြင့် သင်ကြား‌သွားပါမည်။ Batch 1 အနေဖြင့် Beginner, Elementary နှင့် Pre-intermediate level အတန်းများကို January 3 ရက်နေ့မှ April 8 ရက်နေ့အထိIntermediate, Upper intermediate နှင့် Advanced level အတန်းများကို January 17 ရက်နေ့မှ April 29 ရက်နေ့အထိ အသီးသီးဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဒါ့အပြင် English Writing လေ့လာလိုသူများအတွက် College Writing Course (13 Weeks) ကိုလည်း ပို့ချပေးသွားပါမည်။ College Writing Course ရဲ့ ကန့်သတ်ချက်ကတော့ အနည်းဆုံး English Language Proficiency Intermediate level ရှိသူ များသာ တက်ရောက်ခွင့်ရမှာဖြစ်ပါသည်။ College Writing Course ကို January 3 ရက်နေ့တွင် စတင်ဖွင့်လှစ်သွားပါမည်။အင်္ဂလိပ်စာအတန်းများကို သင်တန်းသား/သူဦးရေ ကန့်သတ်ထားပါပြီး တက်ရောက်လိုသူများအနေဖြင့် December 23 ရက်နေ့ နောက်ဆုံးထား၍ ‌အောက်ပါ link တွင်ဝင်ရောက်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ https://docs.google.com/…/1FAIpQLSfPrHPIwlS…/viewform…ရွေးချယ်ခံရသော သင်တန်းသား/သူ များအား Page မှ ပြန်လည် ဆက်သွယ်ပြီး Level Placement Test ကို ဦးစွာဖြေဆို​စေပါမည်။ သိရှိလိုသည်များကို Page Messenger မှတဆင့်သော်လည်းကောင်း၊ mingalarbar@sdsmm.org သို့ email ပေးပို့၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

Recommended Posts